Saturday, January 21, 2012

Happy CNY - နာနတ်သီးမုန့်



အားလုံးပဲ Happy CNY ပါ။ တရုပ်နှစ်ကူးရောက်ပြီမို့ ရုံးတွေလဲ ရက်ရှည်ပိတ်ပါပြီ။  တရုပ်မဟုတ်လို့ နှစ်သစ်မကူးပေမယ့် မုန့်လုပ်တဲ့သူပီပီ တရုပ်နှစ်ကူးမုန့်တွေကိုလည်း စိတ်ဝင်စားလိုက်တာပါပဲ။ (အိမ်ကလူကြီးကလည်း တရုပ်ပေမယ့် နှစ်မကူးတော့ အိမ်မှာဘာမှ လုပ်စရာမလိုဘူးပေါ့။)  ဒီမှာတရုပ်နှစ်ကူးနားနီးလာတာနဲ့ အတူသိသိသာသာ တွေ့လာရတာကတော့ နာနတ်သီးမုန့်လေးတွေပါ။ တခြားမုန့်တွေလဲ အစုံပါပဲ။ Bak Kwa တို့၊ အီကွေးတွေလဲ အများကြီးပဲ။ အဲဒီအထဲမှာမှ အရမ်းကြိုက်တာ နာနတ်သီးမုန့်ပါပဲ။ ဒီတနှစ်တော့ အဲဒီမုန့်လေးတွေကို ၀ယ်မစားဖြစ်ပဲ အိမ်မှာပဲ ရအောင် အကောင်အထည်ဖော်လိုက်ပါတယ်။ လုပ်နည်းကို ဒီ blog ကရတာပါ ။ အိမ်မှာ ၂ ယောက်ပဲဆိုတော့  အချိုးအစားတွေကို တ၀က်လျော့ချထားပါတယ်။


ရလာတဲ့ မုန့်လေးတွေကတော့ မဆိုးပါဘူး။ သူများတွေပြောနေသလိုမျိုး melt in the mouth ပဲ။ တစ်ခုပဲ ပုံလေးတွေတော့ သိပ်မလှဘူး။ ရေနဲနဲများသွားလို့ ကိုင်ရတော်တော်ခက်သွားတယ်။

ပါဝင်ပစ္စည်းများ

  1. ထောပတ် ၁၄၀ ဂရမ်
  2. ဂျုံ ၂၀၀ ဂရမ်
  3. ပြောင်းဖူးမှုန့် ၂၅ ဂရမ်
  4. icing sugar စားပွဲဇွနး ၃ ဇွန်း
  5. ကြက်ဥ အနှစ် ၁လုံးခွဲ
  6. ရေအေး စားပွဲဇွန်း၁ဇွန်း
  7. နာနတ်သီးယို
  8. Glaze - ကြက်ဥနှစ်၁လုံး + ရေ ၁ဇွန်းလျော့လျော့
  9. Vanilla  လက်ဖက်ရည်ဇွန်း ၁ဇွန်း

ဂျုံ၊ ပြောင်းဖူးမှုန့် သကြားတို့ကို စကာ စစ်ပြီးရောမွှေထားလိုက်ပါ

ထောပတ် (အအေးဖြစ်ရပါမယ်၊ မပျော့ရ) ကိုအတုံးသေးသေးလေတွေတုံးပြီး ခုနက ဂျုံအရောထဲ ထည့်မွှေပေးပါ။ ခက်ရင်းနဲ့ ပဲ သမအောင်မွှေပေးပါ။ လက်ကိုသုံးချင်ရင်လည်း လက်ချောင်းလေးတွေနဲ့ပဲ နယ်ပါ။ အဓိကကတော့ ထောပတ်မပျော်အောင်ဖြစ်ပါတယ်။

ဒီအနေရပြီဆိုရင် ရပ်လိုက်လို့ရပါပြီ

ပြီးတော့ ကြက်ဥနှစ်၊ရေ၊ဗနီလာကိုရောမွှေပြီး ခုနကထောပတ်- ဂျုံအရောထဲကို ရောမွှေပေးပါ။ ဖြစ်နိုင်ရင် အကုန်မထည့်ပါနဲ့။ တ၀က်ကျော်ကျောက်လောက်အရင်ထည့်ပြီး မွှေကြည့်ပါ။ လိုမှထပ်ထည့်ပေါ့။ ရေသိပ်များသွားရင် မုန့်သားတအားပျော့ပြီး ကိုင်တွယ်ရခက်ပါတယ်။ ကျွန်မကတော့ အခုတစ်ခါ အကုန်လုံးထည့်လိုက်မိလို့ တော်တော်ကို ပုံသွင်းရတာဒုက္ခရောက်သွားတယ်။ နောက်တစ်ခါဆိုရင် ခုနကပြောသလိုရေ နဲနဲစီပဲထည့်မယ်လို့ စိတ်ကူးထားပါတယ်။ မုန့်တွေအားလုံး ပေါင်းသွားပြီဆိုရင် ထပ်မနယ်နဲ့တော့နော်။ မာသွားရင်စားမကောင်းဖြစ်တတ်ပါတယ်။



ပြီးရင်ရေခဲသေတ္တာထဲမှာ ၁၅ မိနစ် ပလတ်စတစ်နဲ့ အုပ်ပြီးထည့်။ ပြီးမှ မုန့်သားနဲနဲချင်းစီယူပြီး ဒလိမ့်တုန်းနဲ့လှိမ့်၊ ဖြတ်တဲ့ပုံစံခွက်လေးနဲ့ ဖြတ်ယူပါ။ အဲဒါလေးတွေကို ဆီသုတ်ထားတဲ့မုန့်ဗန်းပေါ်တင်၊ Glaze သုတ် ပြီးမှ နာနတ်သီးယိုကို ခလယ်က အချိုင့်လေးထဲမှာ လုံးပြီတင်လိုက်ပါ။ ၁၆၀ ဒီဂရီမှာ မိနစ် ၂၀ဖုတ်ရင်ရပါပြီ။

 နာနတ်သီးယို ကြိုပြီးလုံးထားတာ အလုံးနဲနဲကြီးသွားတယ်




ဒါမျိုး ၈ ခုလားပဲ လုပ်လို့ရတယ်။ တော်တော်ကိုင်ရခက်လို့ စိတ်မရှည်တာနဲ့ ကျန်တာတွေကို လက်နဲ့လုံးတဲ့ဟာလုံး။ cookie press နဲ့လုပ်တဲ့ဟာလုပ်နဲ့ ပြီးအောင်ဆက်လုပ်လိုက်တယ်။




ကြည့်ပါဦးမညီမညာ ကွတ်ကီးလေးတွေ။ စားလုက်ရင်တော့ ပါးစပ်ထဲမှာပျော်သွားအောင်ကောင်းပါတယ်။  ပျော်စရာ အားလပ်ရက်များဖြစ်ပါစေ။

Sunday, January 15, 2012

ဟင်းထုပ်


ဒီတစ်ခါတော့ ဟင်းထုပ်ကို အောင်မြင်စွာ လုပ်နိုင်သွားပါပြီ။ ဒီဟင်းထုပ်ကို ဘယ်လိုမှ လုပ်လို့မရလို့ လက်လျော့ထားတာ အတော်ကြာပါပြီ။ ခုတော့ FB က ရင်းနှီးတဲ့ မခမ်းရဲ့ ကျေးဇူးကြောင့် အဆင်ပြေပြေလုပ်လို့ ရသွားတာမို့ မခမ်းကို ကျေးဇူးအများကြီးတင်ပါတယ် မရေ။ ဟင်းထုပ်လုပ်နည်းကလည်း လွယ်တယ်သာထင်ရတာ အချိုးအဆကလည်း အများကြီး စကားပြောပါတယ်။ (ဒါကလည်း အကြိမ်ကြိမ်အခါခါ ပစ်လိုက်ရတဲ့ တကယ့်ကိုယ်တွေ့ပါ)။ ဒါ့အပြင် တစ်ခါမှလည်း မစားဖူးပဲ အိမ်ကလူကြီး ရဲ့  မှတ်ချက်နဲ့ လုပ်ရတာမို့ ပိုလို့ခက်ပါတယ် (သူက မဟုတ်သေးဘူး။ မာလွန်းတယ်။ ဒီလိုလည်း မဟုတ်ပြန်ဘူး စသဖြင့်ပေါ့)။ ကိုယ့်ဘာသာကိုယ် စားဖူးထားရင်တော့ နဲနဲမှန်းဆရလွယ်မယ်လို့ ထင်တယ်။ ပထမအခေါက်တွေ စမ်းကြည့်တုန်းက ဒီလိုကိုမဟုတ်တာပါ။ ခုတစ်ခါတော့ ပေါင်းပြီးပြီးချင်း ငှက်ပျောရွက်လေးကို အသာလေးဖယ်၊ ဟင်းထုပ်အသားကို ခက်ရင်းနဲ့ထိုးပြီး စမ်းကြည့်လိုက်တာနဲ့ အောင်မြင်သွားပြီဆိုတာ သိလိုက်လို့ အရမ်းကိုပျော်သွားတာပါဘဲ။ နောက်လည်း ခဏခဏလုပ်စားဖြစ်မှာ သေချာနေပါတယ်။

တခြားသူတွေအတွက်တော့ FB ကိုဘယ်လိုမြင်လဲမသိပါဘူး။ ကျွန်မအနေနဲ့ကတော့ အဲဒီကနေတဆင့် မိတ်ဆွေသစ်တွေအများကြီးရသလို ပညာတွေလည်း အများကြီးရပါတယ်။ ကျွန်မကတော့ ဟင်းချက်တာတွေလုပ်တော့ ကျွန်မမိတ်ဆွေအများစုကလည်း ဟင်းချက်တာကို စိတ်ဝင်စားတဲ့ အိမ်ရှင်မတွေပဲပေါ့ ။ တစ်ယောက်နဲ့တစ်ယောက် မသိသေးတဲ့ချက်နည်းပြုတ်နည်း၊ မုန့်ဖုတ်နည်းတွေ ဖလှယ်တဲ့အပြင် ရင်းရင်းနှီးနှီးခင်ခင် မင်မင်ရှိကြလို့ အရမ်းစိတ်ချမ်းသာစရာကောင်းပါတယ်။ အခြေအနေပေးလို့ တစ်ချို့ ညီအစ်မတွေကို အပြင်မှာတွေ့ခွင့်ရလိုက်တာဟာလဲ ရတောင့်ရခဲအခွင့်အရေးတစ်ခုပါပဲ။ ရေစက်လို့ပဲပြောရမှာပါဘဲ။

ကဲ ဟင်းထုပ်ဆီကို ပြန်သွားလိုက်ဦးမယ်။ မုန့်အကြောင်းပြောရင်း လမ်းချော်ကုန်လို့။  စမ်းကြည့်နိုင်အောင်လို့ လုပ်နည်းကို ပြန်ကူးပေးလိုက်ပါတယ်။

(ဟင်းထုပ် ၂ ထုပ်စာ အတွက်)
  • ကြက်သွန်မိတ် ၇၅ ဂရမ် (ရေဆေးပြီး လက်၁ဆစ်လောက်လေးတွေ ဖြတ်ထားပါ)
  • ခရမ်းချဉ်သီး ၁ လုံး (အစေ့ထုတ်ပြီး လှီးထားပါ)
  • ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းး
  • ဆားအနည်းငယ်
  • ဆီ စားပွဲဇွန်း ၂ ဇွန်း
  • ဆန်မှုန့် - ၈ ဇွန်း
  • ကောက်ညှင်းမှုန့်  ၁ ဇွန်း  (ဒီဟာက မုန့်သားပျော့စေတဲ့ အဓိက ပစ္စည်းလို့ထင်ပါတယ်)


ပထမဆုံး ဆန်နဲ့ ကောက်ညှင်းကို ရေ ၇ဇွန်းသာသာလောက်နဲ့ ရောမွှေပြီး ၁ညသိပ်ထားပါ
မနက်ရောက်မှကျန်သောပစ္စည်းတွေ အားလုံးရောထည့်ပြီး ငှက်ပျောဖက်ထဲထည့်၊ ၁ နာရီလောက်ပေါင်းပေးရင် ရပါပြီ။ ဟင်းထုပ်ကို ကြက်သွန်ဖြူ ဆီချက်၊ ငရုပ်သီး ဆီချက်တို့နဲ့ တွဲစားကြတာ တွေ့ဖူးပါတယ်။
မပေါင်းခင်

ငှက်ပျောရွက်ကို မထုပ်ခင်မှာ မကွဲအောင် အပူပေး၊ မီးကင်လေ့ရှိပါတယ်။ မနေ့ကတော့ နည်းသစ်တစ်မျိုးနဲ့ စမ်းကြည့်တာ အဆင်ပြေတယ်။ ငှက်ပျောရွက်ကို ရေစင်အောင်ဆေးပြီး မိုက်ခရိုဝေ့ဖ် ထဲမှာ ၂ မိနစ်လောက် မီဒီယမ်နဲ့ အပူပေးရင်ရပြီ။ တကူးတက မီးကင်တာတို့ ရေနွေးလောင်းတာတို့ လုပ်စရာမလိုတော့ဘူး။ မြန်ပြီး အလုပ်ရှုပ်သက်သာပါတယ်။

စားဖို့အသင့်ပါ။ အိမ်မှာမရှိရှိတဲ့ ငရုပ်သီးနဲ့ ကြကသွန်ဖြူကြော်ကို ထည့်ထားသော ဟင်းထုပ်။

Sunday, January 1, 2012

ပျော်စရာ နှစ်သစ် ၂၀၁၂ နဲ့ ဗမာမုန့်များ

အားလုံးပဲ မင်္ဂလာရှိသော နှစ်သစ်ဖြစ်ကြပါစေရှင်။ ၂၀၁၂ ရဲ့ ပထမဦးဆုံးသောနေ့မှာ လာလည်သူများကို ဗမာပြည်က မုန့်တွေနဲ့ ဧည့်ခံချင်ပါတယ်။ ဒီနေ့တော့ မုန့်လုပ်နည်းတွေမတင်ပဲ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး သူများချက်ထားတာလေးတွေတင်ပါမယ်။

ဗမာပြည်အလည်ပြန်သွားတုန်းက စားထားတာလေးတွေပေါ့။ တချို့ဟာတွေကြတော့လည်း မရိုက်နိုင်တော့လို့ ပုံထဲမပါသွားဘူး။


ဓနုဖြူဒေါ်စောရီ - ငါသလဲထိုးဆီပြန်

တို့စရာအစုံ

ဓနုဖြူဒေါ်စောရီ - ပုဇွန်ထုပ်

ပဲကောက်ညှင်းပေါင်း

နန်းကြီးသုပ်

ငှက်ပျောသီး ဆနွင်းမကင်း

နံပြား

ပဲပြုတ်

မလိုင် (နံပြားနဲ့စားဖို့)

ပြည်က ဒေါ်ဥထမင်းသုပ်

ဒါကတော့ အမေ့လက်ရာ အုန်းနို့ခေါက်ဆွဲ



အာတာလွတ်ဥ
ကြေးအိုးဆီချက်
ရှမ်းခေါက်ဆွဲဆိုင်ကပေးတဲ့ ဟင်းချို

အချဉ်


ဖက်ထုပ်ကြော်
ဂဏန်းပျော့မဆာလာ

ရတနာကြက်ပေါင်း

ပြည်ကြီးငါးသုပ်

တုမ်ယမ်းဟင်းချို
ပုဇွန်ဆီပြန်

ပုဇွန်ဆမ်းမားဆော့စ်

ဟင်းရွက်ကြော်စုံ

ဆိတ်သားပေါင်း

ဖာလူဒါ ရွှေပုဇွန်က

Sunday, December 25, 2011

Christmas Fruit Cake ( ခရစ်စမတ် လက်ဆောင်)



အားလုံးပဲ Merry Christmas ပါနော်။ ပျော်ရွှင်ဖွယ်ရာ ခရစ်စမတ်ဖြစ်ပါစေလို့ နုတ်ဆက်လိုက်ပါတယ်။ ဒီတစ်ခါတော့ ခရစ်စမတ်အမီ ပွဲတော်နဲ့လိုက်ဖက်တဲ့ မုန့်ကိုအချိန်မီလုပ်လိုက်နိုင်ပါတယ်။ ခရစ်စမတ်မှာ မုန့်လုပ်မယ်လို့ ကြံစည်ထားတာ ၂ နှစ်ရှိပါပြီ။ ခုမှပဲ အောင်မြင်သွားတော့တယ်။ ဒီမုန့်က သူငယ်ချင်းတစ်ယောက်အတွက် လက်ဆောင်ပါ။ ပထမဆုံး ခရစ်စမတ်မုန့်လက်ဆောင်ပေါ့။

မုန့်မလုပ်ခင်မှာ log cake ပဲလုပ်ရမလို၊ သီးစုံကိတ်ပဲ လုပ်ရမလိုနဲ့ ဝေခွဲမရဖြစ်နေပါသေးတယ်။ log cake ဆိုရင် ခရင်မ်တွေနဲပို အလုပ်ရှုပ်မှာဖြစ်လို့ ရိုးပြီး အမြင်လှတဲ့ သစ်သီးကိတ်ကိုပဲ ရွေးလိုက်ပါတယ်။ ခရီးကအပြန်ပင်ပန်းနေတာကြောင့် သိပ်ပင်ပန်းမယ်ထင်တဲ့ ဟာမျိုးဆိုမလုပ်ချင်ဘူး ဖြစ်နေတယ်။ ဒီကိတ်ကိုတောင်မှ ၂ ရက်ကြိုပြီးမှ ဖုတ်လိုက်နိုင်ပါတယ်။ အမှန်က ဒီလိုကိတ်မျိုးဆိုရင် သူများတွေ ၁ ပတ်လောက်ကြိုပြီး လုပ်ထားကြပါတယ်။ နဲနဲကြာမှ ပိုပြီးသိပ်သိပ်သည်းသည်းနဲ့ စားကောင်းလို့ပါ။ ကျွန်မကတော့ အချိန်မရတာကြောင့် အနီးကပ်မှဘဲ ကမန်းကတန်းလုပ်ရတာ။ အရသာကတော့ မဆိုးလှပါဘူး။ Rachel Allen ရဲ့ Christmas Cake recipe ကိုမှီငြမ်းပါတယ်။ ဒါပေမယ့်လည်း ကိုယ့်အကြိုက်နဲ့ ကိုယ်လိုတိုးပိုလျော့ပေါ့။

ဒီမှာတော့ ကျွန်မလုပ်ထားတဲ့ အချိုးအဆတွေပဲရေးပေးလိုက်ပါတယ်

ပစ္စည်းများ
  • 8"x8" မုန့်ဖုတ်ဗန်း
  • ဂျုံ ၂၀၀ ဂရမ်
  • သကြား ၁၈၀ ဂရမ်
  • ထောပတ် ၂၀၀ ဂရမ်
  • သစ်သီးခြောက်အစုံအရော - ၂၀၀ ဂရမ်
  • Baking powder - 1/4 tea spoon
  • ကြက်ဥ ၃ လုံး
  • Rum essence - 5 teaspoon

  1. ပထမဆုံး အာဗင်ကို ၁၅၀ ဒီဂရီ အပူပေးထားပါ
  2. သစ်သီးခြောက်တွေနဲ့ ရမ်ကို ရောမွှပေးထားပါ။ ဖြစ်နိုင်ရင် ၁ ညသိပ်ထားပါ။
  3. ထောပတ် နဲ့ သကြားကို ပွလာအောင်မွှေပေးပါ
  4. ပြီးရင် ကြက်ဥကို ၁လုံးချင်းစီ သမအောင်မွှေထည့်ပေးပါ
  5. နောက် ဂျုံနဲ့ ပွဆေးကို စကာစစ်ချပေးပါ
  6. နောက်ဆုံးမှ သစ်သီးခြောက်တွေကို ရောမွှေပေးပါ
  7. မုန့်ဖုတ်ဗန်းထဲ ထည့်ပြီး ၁ နာရီ ကြာအောင်ဖုတ်ပေးပါ။ မုန့်ကျက်မကျက်ကို ဒုတ်ချွန်လေးထိုးပြီး စမ်းပါ။ မုန့်နှစ်ကပ်ပါမလာရင် ကျက်ပါပြီ
  8. မုန့်ကျက်ရင် ဗန်းကို အလူမီနီယံစက္ကူနဲ့ အုပ်ပြီး အအေးခံပါ။ လုံးဝအေးသွားရင် ပလပ်စတစ်အုပ်ပေးပြီး ရေခဲသေတ္တာ ထဲမှာထားပေးပါ။ Almond paste အုပ်တော့မယ်ဆိုမှ ပလပ်စတစ်ကို ဖြုတ်ပေးပါ။






















Almond Paste
  • 250g almond meal
  • 250g caster sugar
  • 1small egg
  • 1egg white
  • 1 egg yolk

Almond meal နဲ့ caster sugar ကို သမအောင်မွှေပေးပါ။ ပြီးရင် ကြက်ဥ ၁လုံးခေါက်ထားတာကို နဲနဲစီရောမွှေပေးပါ။ ခပ်မာမာ မုန့်သားရရင် ရပါပြီ။

 Roll out the paste
 Cover on top (မကပ်ခင်မှာ ကိတ်ကို ကြက်ဥအကာနဲ့ သုတ်ပေးပါ)
 And the whole cake
 Cut the balance almond paste with festive cookie cutters & decorate on the cake (brush egg yolk before pasting them on the cake) . And bake in 180degree preheated oven for 15 to 20 mins

 After baking
 Ready to go
 Merry Christmas to you all