Sunday, April 17, 2011

Chocolate Brownies



အားလုံး မင်္ဂလာနှစ်သစ်ပါနော်။  နှစ်ဆန်းတစ်ရက်နေ့မှာ အားလုံးကို မုန့်နဲ့ပြန်ပြီး ဧည့်ခံပါတယ်။ မုန့်ကတော့ ကျွန်မရဲ့လုပ်နေကျ ချောကလက်ဘရောင်နီပါပဲ။ ဒီနေ့ အလှူတစ်ခုသွားပြီး အိမ်ရှင်အတွက် လုပ်သွားခဲ့တဲ့မုန့်ကို ဘလော့မှာပြန်တင်လိုက်တာပါ။ ဒီတစ်ခါတော့ နဲနဲလေး အမြင်ပိုလှသွားအောင် ချောကလက်ခရင်မ်၊ သစ်ကြားသီးနဲ့ ထပ်ပြီးအလှဆင်ထားပါတယ်။ လုပ်နည်းကိုတော့ ထပ်ပြီးပြန်ရေးပေးလိုက်ပါတယ်။ အဆင့်ဆင့်ကို ဓာတ်ပုံရိုက်ပြချင်ပေမယ့်လည်း လက်မအားတာနဲ့ နောက်ဆုံးပုံကိုပဲ ရိုက်နိုင်လိုက်ပါတယ်။ နောက်များမှ တစ်ဆင့်ချင်းစီပုံကို ကြိုးစားရိုက်ပေးပါ့မယ်။

လုပ်နည်း

  • ချောကလက် ( Semi Sweet)  ၁၅၀ ဂရမ်
  • ထောပတ် ၁၂၀ ဂရမ် 
  • သကြား ၁၆၀ ဂရမ်
  • ကြက်ဥ ၃လုံး
  • ဂျုံ ၆၅ ဂရမ်
  • Baking Powder  လက်ဖက်ရည် ဇွန်း ၁ ဇွန်းခွဲ
  • ကိုကိုးအမှုန့် ၆၅ ဂရမ်
  • ဗနီလာ အမွှေးနံ့ လက်ဖက်ရည် ၁ ဇွန်း

  1. ပထမဆုံး ချောကလက်နဲ့ ထောပတ်နဲ့ကို အရည်ပျော်အောင်ကျိုပြီး အအေးခံထားပါ
  2. ဂျုံ၊ ပွဆေး နဲ့ ကိုကိုးမှုန့်ကို ဇကာချထားပါ
  3. ကြက်ဥ၊ ဗနီလာ နဲ့ သကြားကို ပွလာအောင် စက်နဲ့ ခေါက်ပေးပါ။ Ribbon like stage ဖြစ်ရပါမယ်။ အဲလိုဖြစ်ဖို့ ၅ မိနစ်လောက်တော့ကြာပါလိမ့်မယ်။ အဲလိုဖြစ်လာပြီဆိုရင်  ချောကလက်-ထောပတ်အရည်ကို ထည့်မွှေပေးပါ။ Fold လုပ်ပေးပါ။ Beat မလုပ်ပါနဲ့။
  4. နောက်ဆုံးမှ ဂျုံအရောတွေကို ထည့်မွှေပေးပါ။
  5. ပြီးရင် ၁၇၀ ဒီဂရီမှာ ၈ မိနစ် နဲ့ ၁၆၀ ဒီဂရီမှာ ၄၀ မိနစ်လောက်ဖုတ်ပေးပါ။ မုန့်ကျက်မကျက် ကိုတုတ်ချွန်လေးနဲ့ထိုးပြီး စမ်းပါ။ မုန့်သား ကပ်ပါမလာရင် ရပါပြီ။
  6. အေးသွားရင် ချောကလက် ခရင်မ်၊ သစ်ကြားသီးနဲ့ အလှဆင်ပါ။ (ခရင်မ် ဆိုင်က၀ယ်လာတာပါ)




4 comments:

Anonymous said...

Evyလေး မင်္ဂလာနှစ်သစ်လေးပါ
တော်လိုက်တာနော် အမဆိုတခါမှ
မုန့်အဲ့လိုသေသပ်ပြီးမလှဖူး
အမှိုက်ပုံးထဲပဲေ၇ာက်တယ်း)

Baby taster

rose said...

Brownie လုပ်နည်းလေး အတွက် ကျေးဇူး အစ်မအိုင်ဗီ။ စားသွားပြီနော်။

စန္ဒကူး said...

စမ်းလုပ်ကြည့်အုံးမယ်..
ကိုကိုး ပေါင်ဒါကလွဲ ကျန်တာတွေတော့ရှိတယ်..
recipe အတွက်ကျေးဇူး..

PhotoVigor said...

Wow wow wow..this is my favorite. Thanks for your info on how to prepare/make a brownies.
Cheers.. :)