စားလို့ကောင်းတဲ့ ဟင်းတစ်ခွက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စာဖတ်သူများ သိပြီးသားဖြစ်ရင်လဲ ဖြစ်မှာပါ။ ပုဇွန်နဲ့ Mayonnaise ကိုရောထားတဲ့ ဟင်းပါ။ တစ်ခါတစ်လေလဲ ဒီကမင်္ဂလာဆောင်တွေမှာ ကျွေးလေ့ရှိပါတယ်။ လုပ်ရတာလည်း အရမ်းလွယ်ပြီး မြန်လည်း အရမ်းမြန်ပါတယ်။ အရသာကတော့ အီအီဆိမ့်ဆိမ့် နဲ့ ဆိုတော့ အအီစာတွေမကြိုက်တဲ့ သူတွေတော့ ကြိုက်ချင်မှကြိုက်မှာပါ။ ကြိုက်သူများစမ်းကြည့်နိုင်အောင် လုပ်နည်းရေးပေးလိုက်ပါတယ်။
ပထမဆုံးပုဇွန်တွေကို ကျောခွဲသန့်စင်ထားပါ။ ပြီးရင် ဆားအနည်းငယ် နဲ့ corn flour နဲ့ရောနယ်ထားလိုက်ပါ။ နောက်အကြော်မှုန့်လေးနဲနဲကပ်ပြီး ဆီပူပူမှာ ၁ မိနစ်လောက်ကြော်ပေးပါ။ ပြီးမှ mayonnaise နဲ့ရောမွှေလိုက်ပြီး မိုက်ခရိုဝေ့ဖ်မှာ ၁ မိနစ်ခန့်အပူပေးပါ။ နှမ်းလေးတွေ ဖြူးလိုက်ပြီးရင် စားဖို့အသင့်ဖြစ်ပါပြီ။
3 comments:
လုပ်စားကြည့်ရအုံးမယ်
ကျေးဇူးပါး)
တို့များတော့ အီပလေ့စေ ကြိုက်တယ်.. စမ်းကြည့်မယ်
ကျေးဇူး
ပုဇွန် mayonaise ညီမ အရမ်းကြိုက်တာ။ အိမ်မှာလုပ်တာ ပုဇွန်က ဆိုင်ကလို မကြွပ်ဘူးဖြစ်ဖြစ်နေတာ။ ဒီတခေါက် အစ်မနည်းနဲ့ လုပ်ကြည့်လိုက်ဦးမယ်။ :)
Post a Comment